အမျိုးသမီးလိင်အင်္ဂါ အစိတ်အပိုင်းဟာ အမျိုးသမီးတွေရဲ့ ခြေနှစ်ချောင်းကြားမှာ ရှိပါတယ်။ အဲဒီ အစိတ်အပိုင်းမှာ လိင်နှုတ်ခမ်းသားလို့ခေါ်တဲ့ အရေပြားတွန့် နှစ်ခု၊ လိင်အင်္ဂါစေ့ နှင့် အပေါက်သုံးပေါက်ဖြစ်တဲ့ ဆီးစွန့်ပြွန်ပေါက်၊ လိင်အင်္ဂါမျိုးပွားပေါက် နှင့် စအိုဝ တို့ ပါဝင်ပါတယ်။
၁။ ဆီးစွန့်ပြွန်ပေါက်(urethra)ဟာ အမျိုးသမီးလိင်အင်္ဂါအစိတ်အပိုင်းရဲ့ အပေါ်ဆုံးမှာရှိတဲ့ အပေါက်ငယ်လေးပါ။ အဲဒီကနေ အမျိုးသမီးတွေ ဆီးစွန့်ကြပါတယ်။
၂။ ဒုတိယအပေါက်ဖြစ်တဲ့ လိင်အင်္ဂါမျိုးပွားပေါက် (Vagina) ကတော့ အပေါက်သုံးပေါက်ထဲမှာ အကြီးဆုံးအပေါက်ဖြစ်ပါတယ်။ လိင်ဆက်ဆံတဲ့အခါ အမျိုးသားတွေရဲ့ လိင်အင်္ဂါတံ ထည့်တဲ့နေရာဖြစ်သလို ကာမစိတ်ကျေနပ်မှုရအောင် အမျိုးသမီးတွေကိုယ်တိုင် လက် ဒါမှမဟုတ် လိင်ပစ္စည်းများ ထည့်တဲ့နေရာလည်း ဖြစ်ပါတယ်။ နောက်ပြီး ထိုအပေါက်မှ ရာသီသွေး၊ အကျိအချွဲအရည်ကြည် နှင့် ကလေးငယ် တို့ ထွက်တဲ့နေရာလည်းဖြစ်ပါတယ်။ လိင်အင်္ဂါမျိုးပွားပေါက်ဟာ အရမ်းကို ပျော့ပျောင်းနူးညံ့တဲ့ ကြွက်သားနံရံ နှင့် ပြုလုပ်ထားပြီး ကလေးမွေးတဲ့အခါ လိုအပ်သလောက် ချဲ့နိုင်စွမ်းရှိပါတယ်။
၃။ တတိယဖြစ်တဲ့ စအိုဝ(anus) ကတော့ အမျိုးသမီးတွေရဲ့ တင်ပါးနှစ်ခုကြားမှာရှိပါတယ်။ ထိုနေရာမှ မစင်စွန့်ကြပါတယ်။ တချို့အမျိုးသမီးအမျိုးသားတွေကတော့ စအိုဝ ထဲကို လိင်အင်္ဂါတံ ဒါမှမဟုတ် တခြားပစ္စည်း ထည့်ခြင်းဖြင့် ကာမစိတ်ကျေနပ်မှုရယူကြပါတယ်။
G-spot ဆိုတာဘာလဲ၊ ဘယ်လို
ရှာတွေ့နိုင်မလဲ ?
G-spot ဟာ အမျိုးသမီးတွေ့ရဲ့လိင်အင်္ဂါမျိုးပွားပေါက်ထဲမှာ ရှိပါတယ်။ ထို G-spot ကိုဖိလိုက်ခြင်းဖြင့် ဂလင်းအဖွဲ့အစည်းနှင့် လိင်အင်္ဂါနံရံရဲ့တဖက်မှာရှိတဲ့ အာရုံကြောတွေကို လှုံ့ဆော်ပေးပါတယ်။ G-spot ရဲ့လုပ်ဆောင်ချက်ကတော့ စိတ်ကျေနပ်မှုပေးရုံသက်သက်ပါ။
ဘယ်လိုရှာတွေ့နိုင်မလဲဆိုရင်....
သင့်ရဲ့လက်ကို အမျိုးသမီး လိင်အင်္ဂါပေါက်ထဲထည့်တဲ့အခါ နာရီလက်တံရှိတယ်လို့ယူဆကြည့်ရအောင်...။ လက်ထည့်လိုက်လို့ အပေါ်ဖက်မှာရှိတဲ့ ဆီးခုံရိုးကို ထိမိရင် အဲဒီနေရာကို ၁၂ နာရီလို့မှတ်လိုက်ပါ။ အောက်ဖက်မှာရှိတဲ့ စအိုဝပေါက်ဖက်ကို ဖိမိရင် ၆ နာရီလို့မှတ်လိုက်ပါ။ G-spot အများစုဟာ အဲဒီ ၁၂ နာရီလို့သတ်မှတ်တဲ့နေရာမှာရှိပါတယ်။ အဲဒီ spot ဟာ လိင်အင်္ဂါပေါက်ကနေဆိုရင် လက်မ အနည်းငယ်သာ ကွာဝေးပါတယ်။ သူ့ကိုထိလိုက်ရင် နူးညံ့ပြီး ဖုထစ်ဖုထစ်လေးတွေနဲ့ ရေမြုတ်ဖော့ကို ထိမိသလိုပါပဲ။ ထိရောက်တဲ့လှုံ့ဆော်မှုကို ပေးနိုင်ရင် အဲဒီနေရာက တစ်ရှူးလေးတွေဟာ အနည်းငယ် ဖောယောင်လာပါတယ်။
ထို spot ကို ပွတ်သပ်ပေးခြင်းအားဖြင့် အရမ်းကောင်းတဲ့ ခံစားမှု နှင့် အဆုံးအစွန်ထိပြီးမြောက်တဲ့ကာမစိတ်ကျေနပ်မှု(orgasm or ejaculation)ကိုပါ ပေးနိုင်တယ်လို့ ပြောဆိုကြပါတယ်။ ejaculation ဆိုတာကတော့ တချို့အမျိုးသမီးတွေ ကာမစိတ်ကျေနပ်မှုအဆုံးအစွန်ထိရောက်ပြီး ဆီးစွန့်ပြွန်ကနေ ဆီးမဟုတ်တဲ့ အရည်တွေ ပန်းထွက်လာခြင်းဖြစ်ပါတယ်။ (အဲဒီမှာ အမျိုးသားတွေက မစိုးရိမ်ပါနဲ့ သင့်ကို ဆီးနဲ့ပန်းတာမဟုတ်ပါဘူး) :P
အမျိုးသမီးတိုင်း G-spot ကိုလှုံဆော်တာကို မကြိုက်သလို အမျိုးသမီးတော်တော်များများ ejaculation မရပါဘူး။ တချို့အမျိုးသမီးတွေဆိုရင် ပြီးမြောက်မှု အတွေ့အကြုံကို မရတဲ့သူတွေရှိပါတယ်။
ဒါကတော့ သင်နဲ့ သင့်ရဲ့လိင်ဆက်ဆံဖော်တို့ရဲ့ အခွင့်အလမ်းပေါ်မူတည်ပါတယ်။ အမျိုးသမီးတစ်ယောက်စီကလည်း ထိတွေ့မှုကိုကြိုက်တာခြင်း ကွဲပြားတဲ့အတွက် ဘယ်နေရာကိုထိရင် ဘယ်လောက်အားနဲ့ဖိရင် အချိန်ဘယ်လောက်ကြာကြာထိရင် ပိုကောင်းတယ်ဆိုတာကတော့ အမျိုးသမီးတွေရဲ့ ပြောကြားချက်အပေါ်မူတည်ပါတယ်။
သြော် ဒါနဲ့ အမျိုးသားတွေမှာ အမျိုးသားတွေနဲ့ပတ်သက်တဲ့ G-spot ရှိပါတယ်။ အဲဒါကတော့ အမျိုးသားလိင်အင်္ဂါအစိတ်အပိုင်းထဲမှာပါတဲ့ prostate gland ပါ။

Comments
Post a Comment