(၁)အမျိုးသားသဘာဝတောင့်တင်းရန် အခြေခံလိုအပ်ချက်များ
လိင်စိတ်လှုံ့ဆော်တဲ့ မြင်ကွင်း၊ အသံ၊အထိအတွေ့ အနံ့(သို့) စိတ်ကူးပုံဖော်မှုစသဖြင့်တစ်ခုခုကြောင့် ဖြစ်လာရတဲ့သဘာဝဖြစ်စဉ်တစ်ခုဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ဒီအခါမှာ ဗဟိုအာရုံကြောအဖွဲ့အစည်းက လိင်တံဆီသွားတဲ့ သွေးပမာဏများလာအောင် လှုံ့ဆော်မှုတွေထုတ်ပေးပါတယ်။ ဖိုအင်္ဂါကို အဓိကဖွဲ့စည်းထားတဲ့ ကေဗားနပ်စ်တစ်သျှူးအမျိုးအစားတွေဟာ ရေမြှုပ်လို ဂုဏ်သတ္တိရှိပြီး သွေးတွေကို စုပ်ယူထားကာ မာခဲလာပါတယ်။အထွက်သွေးပြန်ကြောတွေကိုလည်းကျဉ်းပစ်လိုက်တဲ့အတွက် သွေးဟာလိင်တံထဲမှာ ဆက်လက်ပိတ်မိနေပြီး မာတောင့်မှုကို လိုသလောက်ထိန်းထားနိုင်တာဖြစ်ပါတယ်။ ပုံမှန်မာတောင့်မှုဖြစ်စေဖို့ အောက်ပါအချက်(၄)ချက်လိုအပ်ပါတယ်။
(၁)လိင်တံသွေးကြောများဆီသို့လှုံ့ဆော်မှုများ ပုံမှန်ပို့နိုင်သော ကောင်းမွန်သည့်အာရုံကြောအဖွဲ့အစည်း
(၂)လိင်တံရှိသွေးလွှတ်ကြောသွေးပြန်ကြောများ၏ ချို့ယွင်းချက်ကင်းခြင်း
(၃)ပုံမှန်သွေးများထိန်းထားနိုင်ပြီး ကြီးထွားလာစေရန်လိုအပ်သော smooth muscles ချောမွတ်ကြွက်သားများ၏ ကောင်းမွန်သန်စွမ်းမှု
(၄)၀င်လာသောသွေးများပြန်မထွက်လာနိုင်အောင်ထိန်းထားနိုင်ခြင်း
ဒီတော့ ပန်းသေပန်းညှိုးဖြစ်ရခြင်းဟာ အထက်ပါအချက်(၄)ချက်ထဲက တစ်ချက်(သို့)တစ်ချက်ထက်ပို ချို့ယွင်းနေလို့ ဖြစ်ပါတယ်။
(၂)ပန်းသေပန်းညှိုးခြင်းဆိုတာဘာလဲ
ကာမဆက်ဆံမှုလုပ်လို့ရလောက်အောင် မာတောင့်မှုမရနိုင်တာ(သို့)အဆုံးထိမထိန်းထားနိုင်တာဖြစ်ပါတယ်။တစ်ကိုယ်ရည်အာသာဖြေရာမှာပဲဖြစ်ဖြစ် အဖော်နဲ့ပဲဖြစ်ဖြစ် မရနိုင်တာဖြစ်ပါတယ်။အသက်အရွယ်တိုင်းမှာဖြစ်နိုင်ပါတယ်။ဒါပေမယ့် လူကြီးတွေမှာပိုဖြစ်လေ့ရှိတာက ပန်းသေခြင်းဟာ အခြားရောဂါတွေနဲ့ဆက်စပ်ဖြစ်လေ့ ရှိလို့ ပါ။
(၃)အကြောင်းအရင်းများ
ရုပ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာရမှုကြောင့် အရွယ်တိုင်းမှာ ဖြစ်တတ်ပါတယ်။အမျိုးသားအင်္ဂါကို ထောက်ပံ့ပေးနေတဲ့ သွေးကြော၊အာရုံကြောတွေ တစ်နည်းနည်းနဲ့ထိခိုက်သွားရင် ဖြစ်နိုင်ပါတယ်။ဆီးချို၊သွေးတိုး၊သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောများခြင်း၊အ၀လွန်ခြင်းနဲ့ သွေးကြောနံရံတွေမှာ အဆီခဲတွေပိတ်တဲ့ Atherosclerosis ရောဂါတွေနဲ့ဆက်စပ်ပါတယ်။တခြား အာရုံကြောရောဂါများ၊ Multiple Sclerosis (ဒီရောဂါနဲ့ ဆေးလိပ်သောက်ခြင်းဆက်စပ်ပုံကို ကျန်းမာရေးသတင်းများက " ငယ်ငယ်ကတည်းကဆေးလိပ်စွဲနေပြီဆိုရင် " မှာဖတ်ရှုနိုင်ပါတယ်) စတဲ့ရောဂါတွေကြောင့်လဲဖြစ်နိုင်ပါတယ်။
နောက်အခြားရောဂါတွေဖြစ်လို့ သောက်ရတဲ့ဆေးတွေကြောင့် အမျိုးသားသဘာဝထိခိုက်ရတာလဲရှိပါတယ်။ဒါကတော့ယာယီလောက်ပါပဲ။ဒီတော့ သင်ဟာ ဆေးတစ်ခုခုကို စသောက်လို့ သိသိသာသာစိတ်သွားတိုင်းကိုယ်မပါတော့ဘူးဆိုရင် ဆရာဝန်နဲ့ပြန်တိုင်ပင်ပါ။တကယ်လို့ ဆေးကြောင့်ဆိုရင် ဆရာဝန်က ဆေးရဲ့အချိန်အဆ သို့ မဟုတ် အချိုးအဆကို ပြောင်းပေးပါလိမ့်မယ်။
ဆေးလိပ်သောက်ခြင်း၊အရက်အလွန်အကျွံသောက်ခြင်း၊တခြားတရားမ၀င်ဆေးဝါးတွေ မှီဝဲခြင်း၊သောက၊စိတ်ဖိစီးမှု၊စိတ်ကျရောဂါတွေကလဲ တိုက်ရိုက်ဖြစ်စေပါတယ်။ခါးရိုးနဲ့တင်ပဆုံပိုင်းထိခိုက်မှု၊ဆီးလမ်းကြောင်းဆိုင်ရာခွဲစိတ်မှု တို့ရဲ့နောက်ဆက်တွဲ အနေနဲ့လဲ ဖြစ်တတ်ပါတယ်။အခြားအကြောင်းရင်းတွေကတော့.........လေဖျန်းဖူးခြင်း၊ခန္ဓာကိုယ်အောက်ပိုင်းအကျိတ်ဖြစ်လို့ ဓာတ်ကင်ဖူးခြင်း၊လည်ပင်းက သိုင်းရွိုက်အကျိတ်က သိုင်းရွိုက်ဟော်မုန်းလုံလောက်စွာမထုတ်နိုင်ခြင်း ၊အမျိုးသားဟော်မုန်း တက်စတိုစတီရုန်း (Testosterone) အားနည်းခြင်း၊ဆေးရွက်ကြီးသုံးစွဲခြင်း၊ကိုယ်နဲ့ အဖော်ကြားမှာ ပြဿနာတစ်ခုခုရှိခြင်း၊ဘ၀ရဲ့ပုံရိပ်များပြောင်းလဲခြင်း(ဥပမာ အငြိမ်းစားယူပြီးသွားခြင်း၊အလုပ်အကိုအပြောင်းအလဲတွင်အဆင်မပြေခြင်း၊အထီးကျန်အဖော်မဲ့ခြင်း) စသဖြင့်တို့ ဖြစ်ပါတယ်။
ထူးထူးခြားခြားအနေနဲ့ မာကျောပြီးသေးတဲ့ ထိုင်ခုံပေါ်မှာထိုင်ပြီး နေ့ စဉ်ရက်ဆက်ခရီးရှည်ကို စက်ဘီးနင်းရင် ပန်းသေပန်းညှိုးဖြစ်ဖို့ အားပေးတယ်လို့ သိရပါတယ်။ဘာလို့လဲဆိုတော့ အမျိုးသားအင်္ဂါရဲ့ သွေးကြောတွေပုံမှန်ကျဉ်းနေကျဖြစ်သွားတတ်လို့ ပါပဲ။ဒီတော့ စက်ဘီးစီးတဲ့မက်ဖန်ပရိသတ်တွေလဲ သတိထားဦး။(သိပ်တော့မပူပါနဲ့။ဒီကိစ္စကို အတည်ပြုဖို့ ပညာရှင်တွေငြင်းခုန်နေကြဆဲပါ။အသေးစိတ်ကို http://news.softpedia.com/news/Bike-Rid ... 6676.shtml မှာဖတ်ကြည့်ပါ။)
အမျိုးသားတွေသားကြောဖြတ်လိုက်ခြင်းကတော့ သဘာဝမလာနိုင်တော့ခြင်းကို လုံးဝမဖြစ်စေနိုင်ပါဘူး။ခွဲစိတ်မှုလုပ်ထားလို့ နာကျင်မှုကြောင့် အချိန်အတိုင်းအတာတစ်ခုအထိတော့ အနှောင့်အယှက်ဖြစ်ရုံပါပဲ။
(၄)လက္ခဏာများ
မာကျောမှုသဘာဝမလာနိုင်တော့ပေမယ့် ကာမစိတ်ကတော့ ရှိနေမြဲဖြစ်နိုင်ပါတယ်။သုက်လွှတ်နိုင်ပါတယ်။ပြီးဆုံးမှုအရသာ ခံစားနိုင်ပါသေးတယ်။စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ၊မိမိကိုယ်ကိုယုံကြည်မှုနည်းပြီး လုပ်ငန်းခွင်စွမ်းဆောင်ရည်ကျမှု တွေနောက်ကလိုက်လာလို့ သေချာကုသင့်ပါတယ်။တိတိကျကျပြောရရင် တချို့က ပထမတော့လာတယ်၊လမ်းတစ်ဝက်မှာ ကျသွားတယ် ဒါမျိုးလဲ ဖြစ်နိုင်ပါတယ်။ဒါမျိုးဆိုရင်တော့ သွေးကြော သို့  အာရုံကြောပြဿနာဖြစ်ဖို့ များပါတယ်။
(၅)ကုသခြင်းနည်းလမ်းများ
ပန်းသေပန်းညှိုးခြင်းဟာစိတ်ပိုင်းဆိုင်ရာထက် ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် အများဆုံးဖြစ်လို့ အစားအသောက်သင့်တင့်မှန်ကန်စွာစားခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုမှန်မှန် လုပ်ပေးခြင်း တို့ နဲ့ပြန်ကောင်းလာနိုင်ပါတယ်။ပြီးတော့အထက်ကဖော်ပြခဲ့တဲ့ အကြောင်းရင်းတွေထဲက ကိုယ်လျှော့လို့ ရတဲ့ အချက်တွေကို လျှော့ချရပါမယ်။အဓိကကတော့ ဆေးလိပ်ပါ။ သူကသွေးကြောအာရုံကြောတွေကို တိုက်ရိုက်ဖျက်ဆီးပါတယ်။သင့်ရဲ့ယောက်ျားပီသမှုစွမ်းပကားကို ဆေးလိပ်မီးခိုးငွေ့တွေကြားမှာ လွင့်မျောမသွားပါစေနဲ့။
(က)နေထိုင်မှုပုံစံပြောင်းပစ်ခြင်း
ဆေးလိပ်၊ဆေးရွက်ကြီး(ကွမ်းယာ) စတာတွေကို တတ်နိုင်ရင်ဖြတ်ပါ။အရက်ကို ဆင်ခြင်ပါ။ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပဲ။ဆရာဝန်ညွှန်ကြားတဲ့ လေ့ကျင့်ခန်းတွေလုပ်ပါ။စွဲသောက်နေတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဖြစ်တာလားသိရအောင် ဆရာဝန်ကို ပြန်မေးပါ။
(ခ)ဆေးကုထုံးနဲ့ကုခြင်း
Viagra , Cialis, Levitra တို့ လိုဆေးတွေကို သင့် အတွက် ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သုံးစွဲနိုင်ပါတယ်။သင်ဟာနှလုံးရောဂါရှိလို့ လျှာအောက်ငုံရတဲ့ Nitrol (GTN) နဲ့ တခြား Nitrate ပါတဲ့ဆေးတွေသောက်နေရရင်တော့ ၂၄ နာရီအတွင်းတွဲသောက်လို့ အန္တရာယ်ရှိတယ် သိရပါတယ်။မပူပါနဲ့ ။ အပ်စိတ်ကုထုံး၊စိတ်ပညာကုထုံး.......ဘာကုထုံးညာကုထုံး စသဖြင့်တွေရှိပါသေးတယ်။အကောင်းနီးပါးပြန်ကောင်းနိုင်ပါသေးတယ်။
(၆)ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ
(၁)ခါး၊ခြေထောက်၊တင်ပါး၊ပေါင်၊အမျိုးသားအင်္ဂါ၊ဝှေးစေ့ စသည်တို့ ထိခိုက်မှုနောက်မှာ သဘာဝမလာတော့ဘူးဆိုရင်
(၂)ဆီးခုံမွေးတွေ ချိုင်းမွေးတွေ သိသိသာသာ ကျွတ်ပြီး ရင်သားတွေကြီးလာရင်
(၃)ခါးနာနေပြီးနောက်မှာဖြစ်ရင်
(၄)ဆေးတစ်ခုစသောက်လို့ နောက်မှာဖြစ်ရင်
(၅)ဆီးချို၊သွေးတိုး စတဲ့အထက်မှာဖော်ပြခဲ့တဲ့ရောဂါတွေဖြစ်ပြီနောက် မှာဖြစ်ရင် ပြသင့်ပြီဖြစ်ပါတယ်။
ဒါပေမယ့် တစ်ခါတစ်ရံမှာပဲဖစ်ြတာဆိုရင်တော့ မပြပါနဲ့ဦး။အကြိမ်အရေအတွက်စိတ်လာတယ်ဆိုရင်တော့ ပြသင့်ပါတယ်။များသောအားဖြင့် တစ်ခါတစ်ရံ ဖြစ်တတ်တဲ့ ပြဿနာတွေကတော့ သူ့ အလိုလိုပျောက်သွားတတ်တာ များပါတယ်။နောက်တစ်ခါပြန်ဖြစ်မှာပဲဆိုပြီး ကြောက်မနေပါနဲ့ ။သင့်ရဲ့အဖော်ကိုလည်း ပွင့်လင်းစွာတိုင်ပင်ပြီး စည်းဝါးကိုက်ညီမှုကို ရယူပါ။ဆရာဝန်တွေနဲ့ ကျန်းမာရေးပညာရှင်တွေနဲ့  တိုင်ပင်ဆွေးနွေးဖို့ မရှက်ပါနဲ့ ။ပွင့်လင်းစွာဖွင့်ဟပါ။
အချိန်မကြာဘဲ ကိစ္စပြီးခြင်း ဖြေရှင်းရန်
Masters and Johnson method ခေါ် ဂျွန်ဆင်နည်းစနစ်
နူးညံ့သိမ်မွေ့ပြီး အလုပ် ရခက်ပေမယ့် တကယ် ထိရောက်တဲ့ နည်းမို့ ဦးစားပေး တင်ပြလိုက် ပါတယ်။
မိမိရဲ့ ခံစားချက်အမြင့်ဆုံး ရောက်တော့မယ့် အချိန်မတိုင်ခင် စက္ကန့် ပိုင်း အလိုမှာလာတဲ့ ဖီလင်တွေကို သေချာ အာရုံခံစားပြီင်္း မှတ်သားထားပါ (ပွင့်ပွင့်လင်းလင်း ပြောရရင် ပြီးခါနီး ဖြစ်လာတဲ့ ခံစားချက်ပေါ့)။ ဒီခံစားချက် ရအောင် အဖော်နဲ့ ပဲဖြစ်ဖြစ် တစ်ကိုယ်ရည်ပဲဖြစ်ဖြစ် လေ့ကျင့်ရင်း ရယူပါ။
အဲလို ကြိုသိလာနိုင်ပြီဆိုရင် အဲလို သိတာနဲ့ တပြိုင်နက် ရပ်ပစ်လိုက်ပြီး အနားယူလိုက်ပါ။
အဲလို လေ့ကျင့်ဖူးတာ ကြာလာပြီဆိုရင် ကြိမ်ဖန်များလာပြီဆို ပြီးချင်တဲ့ ခံစားချက် တစ်ခါပေါ်တိုင်း ပြီးပစ်လိုက်တဲ့ မထိန်းနိုင်တဲ့ အကျင့်ကို ထိန်းနိုင် လာကြပါလိမ့်မယ်။ ဘာလို့ လဲဆိုတော့ ဒီပြဿနာက ရောဂါကြောင့်ဖြစ်တာက နည်းပြီး ခံစားမှုနောက် လိုက်မိကြလို့ ဖြစ်ပါတယ်။
ထိန်းနိုင်လာရင် သင်သဘောပေါက်လာပါလိမ့်မယ်။သင့်ရဲ့  Point of No Return လို့ ခေါ်တဲ့ လိုသလောက်ဆွဲထားနိုင်တဲ့ ခံစားချက်ပါ ။ ဘာဆေးမှမလိုပဲ တကယ် ထိရောက်ပါတယ်။ နောက်ပြီး အောင်မြင်သွားရင်လဲ လွယ်လွယ်နဲ့ ပြီးတဲ့ အကျင့်ကို ပြန်မလုပ်ပါနဲ့ ။ပြန်ပျက်သွား တတ်တယ်။
နောက်တန်ဖိုး ရှိတာတစ်ခုပြောရရင် အဲလိုပြီးခါနီးတိုင်း တစ်ခါထိန်း နောက်တစ်ခါထပ်ထိန်းရင် ခံစားချက်က မကျသွားပဲ အရင်ပြီး တာတွေနဲ့ မတူတော့ပဲ အရမ်းမြင့်မားတဲ့ ခံစားချက်ကို ရနိုင်ပါတယ်။ Multiorgasm လို့ ခေါ်ပါတယ်။ နောက်တော့ ဆွေးနွေးပေးပါ့မယ်။ လောလောဆယ် မမြန်အောင်ပဲ လုပ်ကြဦး။ အဓိကက စိတ်ပဲဖြစ်ပါတယ်။ ပြီးချင်တာကိုပဲ ကြိုက်နေရင် မြန်မှာပဲပေါ့။ ခရီးကြာကြာဆက်ရတာ ပျော်မွေ့တဲ့စိတ်ထားမှ တကယ် ပျော်ရတာမှန်း သဘောပေါက်အောင်လုပ်ပါ။
Kegel exercises ခေါ် ကြွက်သားလေ့ကျင့်ခန်းများ
ဒါကတော့ စအိုနဲ့ အင်္ဂါကြားက ကြွက်သားတွေသန်စွမ်းပြီး ထိန်းနိုင်လာအောင် လုပ်ပေးတဲ့ လေ့ကျင့်ခန်းပါ။ ဆီးသွားရင်း ၀င်လေနဲ့ အတူ အောင့်လိုက်ပါ။ ၅စက္ကန့်ကနေ ၁၀ စက္ကန့်အောင့်ထားပြီး ထွက်လေနဲ့ အတူ ပြန်ပေါက်ပါ။ ဒီအတိုင်း ဆီးတစ်ခါ သွားတိုင်းမှာ အနည်းဆုံး ၃ခါရအောင်လုပ်ပါ။ အရမ်း အောင့်တက်သွားတတ်လို့  အားနဲ့ အရမ်းမလုပ်ပါနဲ့ သက်တောင့် သက်သာပဲလုပ်ပါ။ သေချာလေ့ကျင့်သွားလို့  အသားကျ သွားချိန်မှာ ကြွက်သားတွေဟာ တကယ်မြန်မြန်မပြီးသွားအောင် ပြီးခါနီးတိုင်းညှစ်လိုက်ရုံနဲ့ ထိန်းနိုင်လာပြီး ဒီလို သန်စွမ်းလာလို့ ပိုညှစ်နိုင်တဲ့အတွက် စိတ်ကျေနပ်မှုကို အတိုင်းဆမရှိ ရစေပါတယ်။
စိတ်ကျရောဂါကျဆေးများနှင့် ကုသခြင်း
စိတ်ကျ ရောဂါဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ယူပြီးကုတဲ့နည်းပါ။ စိတ်ကျဆေးတွေက သုက်လွှတ်တာ ကြာစေပါတယ်။ (ဒီဆေးတွေရဲ့ တခြားဆိုးကျိုးတွေများလှတာမို့ ဆရာဝန် ညွှန်ကြားချက်နဲ့ သာသောက်သင့် ပါတယ်။ ကမ္ဘာမှာ အသုံးများပြီး ထိရောက်မှုရှိတဲ့ ဆေးတစ်မျိုးကတော့ Dapoxetine ဖြစ်ပါတယ်။ အားလုံး သိချင်နေကြပြီး အမေးအများဆုံးကိစ္စမို့ အချိန်မဆိုင်းပဲ အမြန်ဖြေပေးလိုက်ရပါတယ်။လတ်တလောဖြေရှင်းနည်းတွေကော အချိန်နဲ့ အမျှ တိုးတက်လာအောင် ဖြေရှင်းနည်းတွေကိုကော သေချာဖြေပေးလိုက်ရပါတယ်။ အားလုံး အဆင်ပြေကြပါစေလို့  မျှော်လင့်ပါတယ်။ အချိန်မတန်ခင် ကျေနပ်မှုမရခင် ကိစ္စပြီးခြင်းရဲ့ အကြောင်းချင်းရာစုံကို နောက်ဆက်လက် တင်ပြပေးပါဦးမယ်။
ဒေါ်လာတစ်သန်းအမှတ်သို့ ဖိနှိပ်ခြင်း
အရင်တုန်းက ဘုရင်တစ်ပါးက ပညာရှင်တွေကို ဒီအမှတ်လေး အကြောင်း သိချင်လို့ မေးရတာ ဒေါ်လာတစ်သန်းပေးရတယ်လို့ ဆိုရိုးစကားရှိလို့ ဒီလိုခေါ်ကြတာ ဖြစ်ပါတယ်။သူက ကပ္ပာယ်အိတ်ရဲ့ အဆုံးနဲ့ စအိုကြား အချိုင့်လေး ဖြစ်ပါတယ်။ လတ်တလောသုတ်လွှတ်ချင်လာရင် လက်ခလယ်နဲ့ ပေါင်ကြားကနေဖိပိတ်ထားလို့ ရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လဲ ဒါက တကယ်မထိန်းနိုင်တဲ့သူတွေ အတွက် သိပ်မထူးလှဘူး လို့လဲ သိရပါတယ်။

ပန်းသေးပန်းညှိုးဖြစ်ချင်နေတယ်လို့ထင်ရင်....

သင်ဟာ တကယ်လို့ ပန်းသေးပန်းညှိုးဖြစ်ချင်နေတယ်လို့ထင်ရင် ဒါမှမဟုတ် အမျိုးသား သဘာဝမာတောင့်မှုကို လက်ရှိထက်ပိုလိုချင်ရင်၊အကြိမ်အရေအတွက်စိပ်စိပ်လဲလိုချင်တယ်ဆိုရင် သင့်ကိုတစ်တပ်တစ်အားကူညီမယ့် သဘာဝရဲ့လက်ဆောင်လေးတစ်ခုရှိပါတယ်။ အဲဒါကတော့ သလဲသီးဖြစ်ပါတယ်။ သလဲသီးဟာ ပန်းသေးပန်းညှိုး ရောဂါတွေအတွက် ကောင်းမွန်စေသော အာနိသင်ရှိတယ်လို့ တွေ့ရှီခဲ့ကြလို့ မကြာသေးမီကမှ စမ်းသပ်သုတေသန ပြုပြီး တကယ် ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ကြပါတယ်။ ရလဒ်ကတော့ အံ့သြစရာ ကောင်းလောက်အောင် ကောင်းမွန်ပါသတဲ့။ ပန်းသေပန်းညှိုး ဖြစ်နေတဲ့ အမျိုးသားတွေကို တစ်နေ့ကိုသလဲသီး အရည်ဖန်ခွက် သေးသေးနဲ့ တစ်ခွက်သာတိုက်ပေးပြီး လေ့လာ စောင့်ကြည့်ကြတဲ့အခါ အားလုံးရဲ့ ၄၇ရာခိုင်နှုန်း (လုံးဝမျှော်လင့်ချက် မရှိတော့တဲ့ သူတွေအပါအ၀င်) တောင် အနည်းဆုံး တစ်ပတ်တစ်ခါ အမျိုးသားသဘာဝကို ကျေနပ်လောက်တဲ့ အတိုင်းအတာ တကယ် ပြန်ရကြတယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။ ဖရဲသီးအပြင် သလဲသီးကလဲ ဓာတ်စာတစ်မျိုးပေါ့။ ၂ခုလုံးတွဲစားရင်တော့ တစ်စုံတစ်ရာ ပိုထူး လောက်မယ်လို့ထင်ပါတယ်။
နောက်ထပ် ၀မ်းသာစရာတစ်ခုက Science Daily မှာတင်ထားတဲ့နောက်ဆုံးပေါ် သတင်းတစ်ပုဒ်အရ ဒီအသီးကို အမျိုးသမီးတွေ မှန်မှန်စားပေးရင် ဟော်မုန်းကြောင့် ဖြစ်ရတဲ့ ရင်သားကင်ဆာကိုလဲ ထိထိရောက်ရောက် ကာကွယ်ရာ ရောက်ကြောင်း သိရပါတယ်။

Comments
Post a Comment